နှစ်နိုင်ငံ သမ္မတတွေအကြား ကွဲပြားတဲ့ စရိုက်တွေတွေ့ရတယ် (ရုပ်/သံ)

နှစ်နိုင်ငံ သမ္မတတွေအကြား ကွဲပြားတဲ့ စရိုက်တွေတွေ့ရတယ် (ရုပ်/သံ)

The Irrawaddy News

55 лет назад

18,574 Просмотров

နှစ်နိုင်ငံ သမ္မတတွေအကြား ကွဲပြားတဲ့ စရိုက်တွေတွေ့ရတယ် (ရုပ်/သံ)

ဧရာဝတီ၊ မတ် ၄၊ ၂၀၂၅

အမေရိကန် သမ္မတ၊ ဒုသမ္မတနဲ့ ယူကရိန်းသမ္မတ ဇယ်လင်းစကီးတို့ ရဲ့ အိမ်ဖြူတော် ဆွေးနွေးပွဲမှာ နှစ်နိုင်ငံ သမ္မတတွေ အကြား ကွဲပြားတဲ့စရိုက်တွေ၊ မူဝါဒအလွဲတွေနဲ့ လုပ်ထုံးလုပ်နည်း အလွဲတွေ တွေ့မြင်ခဲ့ရတယ်လို့ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူ ကိုယဉ်အေးက သူ့ရဲ့အမြင်ကို ပြောပါတယ်။

အိမ်ဖြူတော်မှာ ဖေဖော်ဝါရီ ၂၈ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲအတွင်း နှစ်နိုင်ငံသမ္မတတွေ အကြား စကားအခြေ အတင် ဖြစ်ပြီး တင်းတင်းမာမာနဲ့ အဆုံးသတ်ခဲ့ရပါတယ်။ ဒီအခြေအနေကြောင့် ယူကရိန်းနိုင်ငံက မြေရှားသတ္တုအပါအဝင် သယံဇာတတွေကို အမေရိကန်က ရယူပိုင်ခွင့် သဘောတူညီချက် စာချုပ် မချုပ်နိုင်ခဲ့ကြပါဘူး။

နှစ်နိုင်ငံ သမ္မတတွေ တွေ့ဆုံပွဲနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ရဲဘော်ဟောင်း တဦးလည်းဖြစ် မြန်မာ့အရေး တက်ကြွလှုပ်ရှားသူလည်း ဖြစ်တဲ့ ကိုယဉ်အေး ကို ဧရာဝတီ က တွေ့ဆုံမေးမြန်းထားတာ ဖြစ်ပါတယ်။

#မြန်မာ #ဧရာဝတီ #ယူကရိန်း #အမေရိကန် #မြေရှားသတ္တု #ကိုယဉ်အေး
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

Тэги:

#ယူကရိန်း #အမေရိကန် #မြေရှားသတ္တု #ကိုယဉ်အေး
Ссылки и html тэги не поддерживаются


Комментарии: